သင်ကြားပေးလျက်ရှိသောသင်တန်းများ
ပုံမှန်သင်တန်းများ
၀င်ခွင့် လျှောက်ထားသူများ လိုက်နာရမည့် သတ်မှတ်ချက်များ
လျှောက်ထားသူသည်-
(က) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့
လုပ်ငန်းနှင့်စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်းရွက်နိုင်သူဖြစ်ရမည်၊
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ ၊ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများပါဝင်သော မည်သည့်
ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍
ရွေးချယ်မည်ဖြစ်သည်။
၀င်ခွင့် လျှောက်ထားရန် လိုအပ်ချက်များ
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာ
မူရင်း။
(ဂ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်
စာရင်း (မူရင်း)။
(ဃ) လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုဇယား(မိတ္တူ)။
(င) ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း) သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများသည် အင်ဂျင်နီယာကောင်းများဖြစ်စေရေးအတွက် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။
၁။ ကျောင်းခေါ်ချိန် ၇၅% ပြည့်မပြည့်ကို လစဉ် ကျောင်းကြော်ငြာ သင်ပုန်းများတွင် ကြော်ငြာထားမည် ဖြစ်ပြီး၊ သက်ဆိုင်ရာဌာနမှူးများထံတွင်လည်း ပေးပို့ထားပြီး မိဘများထံတွင်သို့လည်း စာတိုက်မှတဆင့် အကြောင်းကြားစာများပေးပို့မည်ကိုလည်း သိရှိရမည်။
၂။ ကျောင်းသား/သူများ ပညာသင်ကြားခြင်းကို အနှောက်အယှက်ဖြစ်စေမည့် ဆူညံခြင်း စသည့် မည်သည့်အပြုအမူကိုမျှ မပြုလုပ်ရ။
၃။ ကျောင်းပိုင်ပစ္စည်းအားလုံးကို ပျက်စီးအောင် ဖျက်စီးခြင်း (လုံးဝ) မပြုလုပ်ရ။
၄။ ကျောင်းသား/သူ များ ကျောင်းခေါ်ချိန် (၇၅%) မပြည့်မီပါက စာမေးပွဲ ဖြေဆိုခွင့် မပြုဘဲ (တစ်နှစ်ကျ) အဖြစ်သတ်မှတ်မည်။
ကာလတိုသင်တန်းများ
၀င်ခွင့် လျှောက်ထားသူများ လိုက်နာရမည့် သတ်မှတ်ချက်များ
လျှောက်ထားသူသည်
(က) နည်းပညာနှင့် သက်မွေးသဘာ၀ အရ ကျန်းမာရေးကောင်းမွန်သူဖြင့်ပြီး သက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) အခြေခံပညာ အလယ်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
၀င်ခွင့် လျှောက်ထားရန် လိုအပ်ချက်များ
၁။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)။
၂။ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံစာမူရင်း။
၃။ အလယ်တန်းအဆင့်အောင်မြင်သည့်ထောက်ခံစာ (မူရင်း)။
၄။ လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ) (တိုက်ဆိုင်စစ် ဆေးရန် မူရင်းယူဆောင်လာရမည်)။
၅။ ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း) သို့တက်ရောက်ခွင့်ရရှိသော သင်တန်းသား/သူများသည် ကျွမ်းကျင်သူများဖြစ်စေရေးအတွက် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။