Breaking News

COMPETENCY BASED SHORT COURSES TRAINING

ကျွမ်းကျင်မှုအခြေခံကာလတိုသင်တန်းများသည် တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်မည့် သင်တန်းများဖြစ်သည်။ သင်တန်းများသည် ၃လ (၁၂ပတ်)ကာလ ကြာမြင့်သည်။ သင်တန်းကာလအတွင်း နေရာထိုင်ခင်း စီစဉ်ပေးပြီး ထောက်ပံ့ကြေးအဖြစ် ၃၀၀၀၀(သုံးသောင်း)ကျပ် သင်တန်းသူ/သားများအား ပေးအပ်ပါသည်။ သင်တန်းများ တတ်ရောက်လိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်းမြို့)၏ ကျောင်းသားရေးရာဌာနတွင် ထုတ်ယူလျှောက်ထားနိုင်ပါသည်။ ထို့အပြင် ကျေးရွာ အုပ်ချူပ်ရေးရုံးတွင်လည်း ထုတ်ယူလျှောက်ထားနိုင်ပါသည်။ သင်တန်းများနှင့် ပတ်သတ်သည့် အကြောင်းအရာများကို သိရှိလိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်းမြို့)၏ တရားဝင်အွန်လိုင်းစာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
လက်ရှိတွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် အခြေခံ စက်ချူပ်သင်တန်း စသော သင်တန်းနှစ်မျိုးကို သင်ကြားပေးနိုင်ခဲ့ပါသည်။