Breaking News

A.G.T.I Diploma Course

Civil Engineering Electronics EngineeringElectrical Power EngineeringMechanical Engineering

၁။ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)တွင် လာမည့်ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသားများကိုခေါ်ယူမည်ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့ လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများပါဝင်သော မည်သည့် ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။
၃။ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)တွင် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြို့ပြအင်ဂျင်နီယာ
(ခ) အီလက်ထရောနစ်အင်ဂျင်နီယာ
(ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
(ဃ) စက်မှုအင်ဂျင်နီယာ
၄။ သင်တန်းကာလမှာ(၃)နှစ်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ပေးအပ်မည် ဖြစ်သည်။ A.G.T.I (၃)နှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာ တက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်ပါသည်။
၅။ ဝင်ခွင့်လျှောက်လွှာများကို အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)၌ သတ်မှတ်ထားသည့်ရက်နေ့တွင် စတင်ထုတ်ယူနိုင်သည်။ လျှောက်လွှာများကို သတ်မှတ်ထားသည့် နောက်ဆုံးထား၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)သို့ ပြန်လည်တင်သွင်းရမည်။
၆။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည်-
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာ မူရင်း။
(ဂ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ် စာရင်း (မူရင်း)။
(ဃ) လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ)။
(င) ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

ဝင်ခွင့်လျှောက်လွှာဖောင် ရယူပါ