Daw Kay Khaing Htwe | Electronics Engineering Department |
Daw Pa Pa Zaw | Electrical Power Engineering Department |
ရည်ရွယ်ချက်
နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကျောင်းများတွင် ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုဌာနများ ထူထောင်၍ ဆရာ/မများ၏ စွမ်းဆောင်ရည် မြှင့်မားရေးလုပ်ငန်းများဆောင်ရွက်သွားရန်
ဖွင့်လှစ်ရသည့် အကြောင်းအရင်း
နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သည် မြန်မာနိုင်ငံသက်မွေးပညာကဏ္ဍ၏ တစ်ခုတည်းသော ဆရာ/ဆရာမများအား လေ့ကျင့်ပေးသောဌာနတစ်ခုဖြစ်သည်။
- တစ်ကြိမ်တွင် သင်တန်းသား(၂၀၀)ဦးရေခန့်သာ ပို့ချနိုင်ခြင်း၊
- သင်တန်းတတ်ရောက်ရာတွင် များပြားသောကုန်ကျစရိတ်၊ လုံလောက်သော သင်ထောက်ကူပစ္စည်းများမရှိခြင်း၊
- ကျောင်းများတွင် ရှိသော လက်တွေ့ပစ္စည်းများနှင့် သင်တန်းဌာနရှိ လက်တွေ့ပစ္စည်းများ ကိုက်ညီမှုမရှိခြင်း၊ စသော အကြောင်းအရင်းများကြောင့် ဖွင့်လှစ်ရခြင်း ဖြစ်သည်။
ဒေသနှင့် ကိုက်ညီသော စွမ်းဆောင်ရည်များကို ပိုမိုရှာဖွေမြှင့်တင်ပေးရန် လိုအပ်ခြင်းကြောင့်လည်း ဖွင့်လှစ်ခဲ့ပါသည်။
ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ
- စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်များ ပြဌာန်းဆောင်ရွက်သွားရန်၊ PD leader များနှင့် HOPD များအား စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချသွားရန်
- ရွေးချယ်သတ်မှတ်ထားသော ကျောင်းများမှ စွမ်းဆောင်ရည်မြှင့်တင်မှုဌာနများသည် ဝါရင့်ဆရာ/ဆရာမများအတွက် အရည်အသွေး မြှင့်တင်မှုလုပ်ငန်းများစီစဉ်ဆောင်ရွက်ပေးခြင်း
- အသစ်ခန့် ဆရာ/ဆရာမများ၏ လိုအပ်သော သင်ကြားမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အရည်အသွေးပြည့်ဝစေရေးလုပ်ငန်းများအား စီစဉ်ဆောင်ရွက်ပေးခြင်း
- ဒေသတွင်းရှိ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ လုပ်ငန်းခွင် လိုအပ်ချက်နှင့်ကိုက်ညီပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ လက်တွေ့အသုံးချမှု အရည်အသွေးမြှင့်တင်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးခြင်း
ပါဝင်ဆောင်ရွက်သွားမည့်သူများ
- Professional Development Advisory Group (PDAG) (DTVET DDG အပါအဝင်အဖွဲ့ဝင် (၇)ဦးပါအဖွဲ့)
- PD Team (အဖွဲ့ဝင် (၅)ဦးပါအဖွဲ့)
- PD Leaders(လက်ရှိနည်းပညာမြှင့်တင်ရေးသင်တန်းဌာန( ဘယ်လင်း)မှ ဆရာ/ဆရာမ (၅)ဦးနှင့် အခြားကျောင်းများမှ ရွေးချယ်ထားသူ (၄)ဦး)
- HOPD များအား ကျောင်းစီမံခန့်ခွဲရေးအဖွဲ့များမှ ရွေးချယ်ထားသော (၁)ကျောင်းလျှင် (၂)ဦး
ပူးပေါင်းပါဝင် ပံ့ပိုးသွားမည့်သူများ
- ကျောင်းအုပ်ကြီးများ
- ဌာနမှူးများ
- ဆရာ/ဆရာမများ
- DTVETရှိဌာနခွဲများမှ တာဝန်ရှိသူများ
- ပညာရေးဝန်ကြီးဌာန
- ဒေသတွင်းရှိ ပူးပေါင်းဆောင်ရွက်သူများ (အစိုးရအဖွဲ့အစည်းများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပြင်ပအဖွဲ့အစည်းများ)