Breaking News

Quarantine Center များတွင် အသုံးပြုနိုင်ရန် Remote Controlled Trolley တစ်ခု ကျန်းမာရေးဌာနသို့ လှူဒါန်းခြင်း

Views: 212

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ် ဆရာမကြီး၏ ဦးဆောင်မှုဖြင့် Electronic ဌာနှင့် Mechanical ဌာနမှဆရာ/ ဆရာမများ ပူးပေါင်းပြုလုပ်သည့် Remote Controlled Trolley တစ်ခုကို၊ Community Quarantine Center များတွင် အသုံးပြုနိုင်ရန်အတွက် ဧပြီ (၂၉)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဌာနတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ သီတာဆွေ၏ ဦးဆောင်မှုဖြင့် Electronic ဌာနမှ ဆရာမ ဒေါ်ကေခိုင်ထွေးနှင့် ဆရာ ဦးကောင်းမြင့်ဝင်း၊ Mechanical ဌာနမှ ဆရာဦးချစ်စုံတို့ပူး ပေါင်း၍ ထမင်းဘူး(၂၀)ခန့်နှင့်ရေသန့်ဘူးများတင်ဆောင်၍ Remote Controlled ဖြင့် ခိုင်းစေနိုင်သည့် Remote Controlled Trolley တစ်ခုကို Community Quarantine Center တွင် လူဖြင့် စားသောက်ဖွယ်ရာများပို့စရာမလိုဘဲ အသုံးပြုနိုင်ရန်အ တွက် ဖန်တီးပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးဌာနသို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ ကျွန်မတို့ Remote Controlled Trolley တစ်ခုအတွက် အဓိကကျတဲ့ ဆော့ဖ်ဝဲတွေဝယ်ရတယ်။ ပြီးတော့ အလူမီနီယံချောင်းတွေနဲ့ဖော်မိုက်ကာပြားတွေတော့ ဝယ်ရတယ်…ဒီလောက်ပါပဲ။ လုပ်တာ ကတော့ (၃)ရက်လောက် အချိန်ယူရပါတယ်…။ ကုန်ကျငွေကတော့ ဒီလိုထမင်း ဘူး (၂၀)လောက် နဲ့ အခြားပစ္စည်းနည်းနည်းလောက်တင်ပြီးခိုင်းနိုင် မဲ့ Trolley တစ်ခုကို (၃)သိန်းလောက် ကုန်ကျ ပါတယ်။ ကျွန်မတို့ကျောင်းမှာလည်း Community Quarantine Center တစ်ခု ဖွင့်ထားတော့ ကျောင်းအတွက်လည်း တစ်ခုထပ်လုပ်နေပါတယ်” ဟု အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း(ကျောက်ပန်း တောင်း) ကျောင်အုပ်ကြီး ဒေါက်တာ သီတာဆွေက ပြောပါသည်။

အဆိုပါ Remote Controlled Trolley ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် ကော်မတီဝင်များ ရှေ့မှောက်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသီတာဆွေ၊ ဆရာဦးချစ်စုံနှင့် ဆရာမ ဒေါ်ကေခိုင်ထွေးတို့ကပေးအပ်လှူဒါန်းရာ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်